ပို့ဆောင်ရေးဝန်ကြီးဌာန
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တာချီလိတ်) တို့တွင် ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ရေလမ်းကောင်းမွန်ရေးလုပ်ငန်းတို့အပြင် ဆိုလာစနစ်ဖြင့် သောင်တူးဖော်ခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းတစ်ရပ်လုံးတင်ဒါ၊ လုပ်ငန်းသုံးပစ္စည်းတင်ဒါများနှင့် အဆိုပါ လုပ်ငန်းများအတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QA/QC) ငှားရမ်းခြင်းတို့အား တင်ဒါခေါ်ယူခြင်းများဆောင်ရွက်လျက်ရှိပါသည်။
