Warning for Navigation

 

အတ္တရံမြစ်ကူး(စံပယ်ကူး)တံတား၊ ပင်မတံတား သံဘောင်တပ်ဆင်မည့် အချိန်တွင် ရေလမ်းကြောင်းပိတ်ထားမည်ဖြစ်ကြောင်း ရေလမ်းသတင်း သတိပေးချက

၁။         ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၄) မှ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-စံပယ်ဂူ-ကော့ပနော လမ်းပေါ်ရှိ အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတား အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတါင် RP1 နှင့် RP2 ကြားတွင် Temporary Support များ (၄) တိုင် စိုက်သွင်း၍ ပင်မတံတား သံဘောင်တပ်ဆင်ခြင်းလုပ်ငန်းကို တန်(၂၀၀၀) Working Barge များ z-craft များ အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။         အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတား၊ ပင်မတံတား သံဘောင် တပ်ဆင်ခြင်း လုပ်ငန်းအား အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် (၁၅-၃-၂၀၂၀) ရက်နေ့မှ (၁၅-၆-၂၀၂၀)ရက်နေ့အထိ အတ္တရ့မြစ်ကူး(စံပယ်ဂူ)တံတား၊ စီမံကိန်းဧရိယာအတွင်း ကုန်တင်သင်္ဘောကြီးများ၊ လှေသင်္ဘောများ၊ မော်တော်များ ဖြတ်သန်းသွားလာခြင်းအား ကန့်သတ်ပိတ်ထားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ရေလမ်းသတိပေးချက် ထုတ်ပြန်ထားပါသည်။

 
   

 ရေစူးကန့်သတ်ချက် လိုက်နာကြရန် ရေလမ်းသတိပေးနှိုးဆော်ချက်

၁။ ပြည်တွင်းရေလမ်းများတွင် ရေယာဉ်များ လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် နှစ်စဉ် နိုဝင်ဘာလ (၁၅) ရက်နေ့မှ မေလ (၁၅) ရက်နေ့အတွင်း ရေနည်းကာလ သတ်မှတ်၍ ရေယာဉ်များ၏ ဝန်တင်ရေစူးကို ရေကြောင်း နယ်မြေများအလိုက် အောက်ပါအတိုင်း ကန့်သတ်ထားပါသည်-

စဉ်

မြစ်အမည်

ရေကြောင်းနယ်မြေ

ရေစူးကန့်သတ်ချက်

မှ

ထိ

ပေ

လက်မ

၁။

ဧရာဝတီမြစ်

ဟင်္သာတ

ပြည်

၂။

ပြည်

မန္တလေး

၃။

မန္တလေး

ကသာ

၄။

ကသာ

ဗန်းမော်

၅။

ဆင်ဘို

မြစ်ကြီးနား

၆။

ချင်းတွင်းမြစ်

ချင်းတွင်းဝ

မုံရွာ

၇။

မုံရွာ

ကလေးဝ

၈။

ကလေးဝ

ဟုမ္မလင်း

၉။

ဟုမ္မလင်း

ခန္တီး

၂။ သို့ဖြစ်ပါ၍ ဖော်ပြပါ ဝန်တင်ရေစူးကန့်သတ်ချက်ကို ရေယာဉ်များလိုက်နာရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားပါသည်။

 
   

 

ဧရာဝတီတံတား(ပခုက္ကူ)ရေလမ်းကြောင်း ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းကောက်နှုတ်ချက်

၁။        ဧရာဝတီတံတား(ပခုက္ကူ) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်း အဖြစ် ရေလယ်တိုင်အမှတ် (၁၅) နှင့် (၁၆) အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၄)နှင့်(၁၅) အကြားမှ လည်းကောင်း ဖွင့်လှစ်ထားခဲ့ပါသည်။ ယခုအခါ ရေနည်းကာလသို့ ရောက်ရှိလာပြီ ဖြစ် သဖြင့် ရေလမ်းကြောင်းအခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ အစုန်/အဆန်လမ်းအဖြစ် ရေလယ်အမှတ် (၁၃) နှင့် (၁၄) အကြားသို့ ပြောင်းလဲ ဖွင့်လှစ်မည ်ဖြစ်ပါသည်။

၂။         ပြောင်းလဲမည့် ရေလမ်း၏ ကင်းလွတ်အကျယ်မှာ (၂၆၂)ပေ ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင် အထက် (၅၂) ပေ ရှိပါသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံ အမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်း ပြသထားမည် ဖြစ်ပသည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါ မီးနီထွန်း ပြသထားမည် ဖြစ်ပါ သည်။

၃။ တံတားရေလယ်တိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဘက်တစ်ချက်တွင် (၁၅) ပေခန့် အစွန်းထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် (၂) ခု အကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန်နှင့် တွဲရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲ ဖြတ်သန်းကြရန် အပြင်  ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်း ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက်သတင်း ထုတ်ပြန်ထားပါသည်။

 
   

 

ဧရာဝတီတံတား(ထီးချိုင့်)ရေလမ်းကြောင်း ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းကောက်နှုတ်ချက်

၁။        ဧရာဝတိ(ထီးချိုင့်) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်/အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၅)နှင့် (၁၆) အကြားမှ ဖွင့်လှစ်ထားခဲ့ပါသည်။ ယခုအခါ ရေများကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရေလမ်းကြောင်းအခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့မှစ၍ အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၄)နှင့် (၁၅) အကြားသို့ လည်းကောင်း၊ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပါသည်။

၂။         ပြောင်းလဲမည့် ရေလမ်း၏ ကင်းလွတ်အကျယ်မှာ ရေလယ်တိုင်အမှတ် (၁၄)နှင့် (၁၅) အကြားတွင် (၃၄၄)ပေရှိပြီး ရေလယ်တိုင်အမှတ် (၁၅)နှင့်(၁၆)အကြားတွင် (၂၀၀)ပေခန့်ရှိမည်ဖြစ်ပါသည်။ ကင်းလွတ်အမြင့် မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် (၄၇)ပေရှိပါသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍၊ ညအခါ မီးစိမ်းထွန်းပြသထားမည် ဖြစ်ပါသည်။ မဝင်ရမည့် ရေလမ်း တွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြသ၍၊ ညအခါ မီးနီထွန်း ပြသထားမည် ဖြစ်ပါသည်။

၃။        တံတားရေလယ်တိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဘက်တစ်ချက်တွင် (၁၅) ပေခန့် အစွန်းထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် (၂) ခု အကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြ ရန်နှင့် တွဲရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲ ဖြတ်သန်းကြရန် အပြင် ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်း ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက်သတင်း ထုတ်ပြန်ထားပါသည်။

 
   

Sagaing  bridge (Innwa) channel Notification

 

( 4-12-2014 )

 

၁။               ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတား( အင်းဝ )ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်း သွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ်( ၂ ) နှင့် ( ၃ )အကြား မှလည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ်( ၁ )နှင့်( ၂ ) အကြားမှလည်းကောင်း ဖွင့်လှစ်ထားခဲ့ပါသည်။ ယခုအခါ ရေနည်းကာလသို့ ရောက်ရှိ လာပြီဖြစ်သဖြင့် ရေလမ်းကြောင်း အခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ( ၅ ) ရက်မှစ၍ အစုန်၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် ( ၂ )နှင့်( ၃ ) အကြားမှ ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ်ပါသည်။

 

၂။                ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ( ၃၅၀ )ပေရှိပြီး၊ ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက်( ၃၆ )ပေရှိပါသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသား ပြသ၍၊ ညအခါ မီးစိမ်းထွန်း ပြသထားပါမည်။ မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင် ကြတ်ခြေခတ် အမှတ်အသား ပြသ၍ ညအခါ မီးနီထွန်း ပြသထားပါမည်။

 

၃။               ရေယာဉ်များအနေဖြင့် ရေလယ်တိုင် ( ၂ )ခုအကြား မှ ယှဉ်ပြိုင်ခုတ်မောင်း ခြင်းမပြုကြရန်နှင့် တွဲရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်ဖြစ်ပါသည်။ အစုန် ရေယာဉ်အားဦးစားပေးရန်နှင့်ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေလမ်း သတိပေး နှိုးဆော်ချက်သတင်း ထုတ်ပြန်ပါသည်။